ဈေးကွက်ဈေးနှုန်း

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိထားသည့် သစ်သီး(၄)မျိုးကို မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့ ဂိတ်(၂)ခုမှသာ တင်သွင်းခွင့်ပြုသည့် ကန့်သတ်ချက်အား ဖယ်ရှား

Last Updated:

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိထားသည့် သစ်သီးများအနက် သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလားဇီးသီး စသည့် သစ်သီး(၄)မျိုးအား မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့ ဂိတ်(၂)ခုမှသာ လက်ရှိတင်သွင်းခွင့်ပြုခဲ့ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of  China - GACC) အနေဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိထားသည့် အဆိုပါ သစ်သီး(၄)မျိုးကို မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့ ဂိတ်(၂)ခုမှသာ တင်ပြုခွင့် ပြုသည့် ကန့်သတ်ချက်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက် နေ့မှ စ၍ ဖယ်ရှား ပေးပြီး ဖြစ်ကြောင်းကို တရားဝင်ထုတ်ပြန်ခဲ့သည်။

source: ပေကျင်းမြို့ မြန်မာသံရုံး၊ စီးပွားရေးသံမှူး